Wednesday, 14 November 2012
ရတုတစ်ခုအတွက် ဟာမိုနီ
အသက်သုံးဆယ်ဆိုတော့ ဘာရတုလဲ
တစ်ခုခုတော့ တစ်ခုခုပဲ
အခုသူက ဖဝါးလက်နှစ်လုံးဖိနပ်နဲ့ မတော်တော့ဘူး
အခုသူက ပုခုံးလက်နှစ်သစ် အိင်္ကျီနဲ့ မလျော်တော့ဘူး
အခုသူက ဝါးကျွေးတာတွေ ရွံတတ်ပြီ / ဝါးထားတာတွေရွံတတ်ပြီ
အခုသူက သွားလေရာနေရာတိုင်း စိုးရိမ်တတ်တဲ့ လက်တွေကိုခါတတ်ပြီ
အခုသူက သူစွဲ / ငါစွဲ / ဘာလဲ / ညာလဲတွေကိုဖြုတ်တတ်ပြီ
အခုသူက အေ-ဘီ-စီ စာလုံးတွေသုံးပြီး အဓိပ္ပါယ်လှလှရှာတတ်ပြီ
အခုသူက ကကြီး ခခွေး အက္ခရာတွေနဲ့ အကျိုးပြုစာတွေရေးတတ်ပြီ
အခုသူက အနွေးထွေးဆုံးတွေကို ဆာလောင်နေတယ်
အခုသူက သူရဲ့ပြောဖော် / ပြောဖက် အနည်းငယ်ကိုတွယ်တာတယ်
အခုသူက အလံဖြူထောင်ထားတဲ ကြမ္မာကို အပြုံးနဲ့ဆက်သွယ်တယ်
အခုသူက အချိုးအကွေ့ကစောင့်နေတဲ့ “ ကံ ” ကိုရိုသေတယ်
အခုသူက သူ့ပြယုဂ်တိုင်းအတွက် အရောင်ဖြစ်တယ်
အခုသူက သူ့အသိုင်းအဝိုင်းအတွက် အမှတ်အသားဖြစ်တယ်
အခုသူက သူ့မြို့အမည်နဲ့အတူ သူ့ဘဝကို သီကုံးတယ်
အခုသူက အခုလိုရနံ့တွေရဖို့ “ အနှစ်သုံးဆယ် ” ရင်းနှီးခဲ့တယ် ။ ။
မောင်ရဲမင်း ( ပဲခူး ) ၏ အသက်သုံးဆယ်ပြည့် “ မွေးနေ့ ” လက်ဆောင်
ဟိန်းစံ ( ပဲခူး )
14-11-2012
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment