Wednesday, 7 November 2012

ပစ္စက္ခကိုသုံးဆယ့်နှစ်ဒီဂရီတိမ်းစောင်းကြည့်ခြင်း





ကမ ၻာႀကီးကိုယ္တိုင္က ရွဳငဲ့တတ္သလား
တိမ်းတိမ်းစောင်းစောင်း ဘာ့ကြောင့်လည်ပတ်နေလဲ
အဲဒီအခြမ်းမှာ စိတ်ဝတ္ထုတွေ ဖိစီးထားလို့လား
အဲဒီအခြမ်းမှာ ရုပ်ဝတ္ထုတွေ တန်ပိုနေလို့လား
တစ်ဘက်ဘက်ကို နည်းနည်းလေးယိမ်းလိုက်
တူရှုအမြင် / တည့်တည့်အမြင် / ဖြောင့်ဖြောင့်အမြင်အားလုံး
အခြေအနေအရ ပြောင်းလဲမှုဖြစ်နိုင်သလို
မှန်လား / မှားလား ကြားညပ်သွားတဲ့အရာများ
မောင်းမတီးပဲ ရွာလည်တတ်တယ်
သူ့ဘက်ကိုယ့်ဘက် ပတ်သက်ရာပတ်သက်ကြောင်းတွေဟာ
ပြောသင့် / ဆိုသင့် / ပြောရန် / ဆိုရန် စကားအသံတွေ ထွက်မလာနိုင်တဲ့ အာစေး
စောင်းနေတဲ့ ကမ္ဘာထဲကလူသားတွေ
မိမိကိုယ်ကို တည့်မတ်ဖို့ကြိုးစားကြ
ငလျင်မိထားတဲ့ အသိဥာဏ်များ
ထက်မြက်မှုမပေါက်ဖွားခြင်းကို ပြုပြင်ကြ
တစ်ယောက်ရဲ့ အမြင်မှာ လက်ဖဝါး
တစ်ယောက်ရဲ့ အမြင်မှာ လက်ဖမိုး
စောင်းပြီးကြည့်သူရဲ့ အမြင်မှာ လက်ဝါးစောင်း
ဘက်လိုက်တတ်တဲ့ ရှုထောင့်များ
ကမ္ဘာကြီးနဲ့ ကက်ကင်းအနေအထားထက် နည်းနည်းပိုစောင်းလိုက်မယ်
အရှိကို အရှိထက် / အသိကို အသိထက် နှလုံးသွင်းမိခဲ့ရင်
မီးခွက်မလင်းခင် တရားလိုများ ကိုယ့်အိမ်ထဲရောက်လာလိမ့်မယ်
ပြောရင်းဆိုရင်း လမ်းကြုံပါးလိုက်ပါရစေ
အိုးအရွဲ့များအတွက် စလောင်းအရွဲ့များ ဆောင်ထားပါ ။ ။




                                                                                          ဟိန်းစံ ( ပဲခူး )





No comments:

Post a Comment