Monday, 5 November 2012

မြို့ပြဝါကျများ





ပိုးစုန်းကြူးမြို့မှလှိုက်လှဲစွာကြိုဆိုပါ၏
အပြည်ပြည်ဆိုင်ရာလေဆိပ် ရန်ကုန်
ဖုတ်ဖတ်ခါပြီးပြန်မျိုထားတဲ့တံတွေးနဲ့ ဒူးပြဲပေါင်ပြဲမြို့
အမြင့်ပေ သုံး / လေးဆယ်က မြန်မာ့အဝတ်အထည် / လိမ်းဆေးစစ်စစ်ကြော်ငြာဆိုင်းဘုတ်
လမ်းညွှန်ဆိုင်းဘုတ်တစ်ခုက အရေးအသား
ကမ္ဘာအေးဘုရားလမ်း / ပြည်လမ်း / သမိုင်းလမ်းဆုံ
လူသွားစင်္ကြန်ပေါ်တွင် ဈေးမရောင်းရ
တွေ့ရှိက ထိရောက်စွာအရေးယူမည်
ရှေ့ကိုက်တစ်ရာအတွင်း ကျောင်းရှိသည်
ဟွန်းမတီးရ ဟွန်းသံကင်းမဲ့ဇုံ
( ... ) မြို့နယ် ( ... ) မြို့နယ်များအတွင်း ဆိုင်ကယ်စီးခြင်းခွင့်မပြု
အနှေးယဉ်များ မိန်းလမ်းမမှ မနင်းရ
ဤလမ်းမအား အရေးကြီး / အရေးပေါ်လမ်းကြောင်းရှိ၍
နေ့တစ်ဝက်လမ်းပိတ်ထားသည် ။
အဆောက်အဦးဆောက်လုပ်ခွင့်
ပိုင်ရှင်အမည် ဦးပေါက်
ဆောက်လုပ်မည့်အဆောက်အဦး ခြောက်ထပ်တိုက်
ဆောက်လုပ်မည့်ကုမ္ပဏီ မြန်ပြီးကုမ္ပဏီ
မြို့ပြအိုးအိမ်ဦးစီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ၂.၁၁.၂၀၁၂ ရက်နေ့တွင်စတင်ဆောက်လုပ်သည်
ဓနိ တစ်ရာ ၊ ချဉ်ဝါးသုံးဆယ် ၊ မျောတိုင်ဆယ့်ငါးလုံးနှင့်နှီး
တစ်နေကုန်မလို့ တစ်နာရီမထတဲ့ဘဝ ခြံရောင်းမည်
ဈေးအတွင်း ခန့်ညား မှုန့်မျိုးစုံအရောင်းဆိုင်တွင် အရောင်းစာရေးအလိုရှိသည်
ဘွဲ့ရပြီးသူ ဦးစားပေးမည်
မှတ်ချက် ။ ။ အခြေခံပညာအထက်တန်းအောင်ပြီး
ကျောင်းဆက်မတက်မည့်သူများလည်း လျှောက်ထားနိုင်သည်
သမုဒ္ဒရာတစ်ထွာအတွက် အဆောင်အယောင် ပစ္စည်းများ
ရပ်ကွပ်ထိပ်က ပေါက်ဖော်ကြီး အမိန့်ရအပေါင်ဆိုင်
ညနေပိုင်း နာရီကြည့်၍ ကားခလေးများပေးပါ
ဖယောင်းတိုင်နှစ်တိုင် ဆန်နို့ဆီဗူးလေးလုံးဆွဲလာတဲ့ကလေး
ကွဲလွဲခွင့်များ ဒီဇိုင်းဆန်းချုပ်တဲ့ စက်ရုံ
ဒီနေ့ည ကျွန်တော်တို့ အပိုင်းမီးလာရက်.....
မြဝတီက ဇာတ်လမ်းမကောင်းဘူး MRTV ကိုပြောင်းလိုက်
ဖယောင်းတိုင်ဆောင်ထား ယပ်တောင်ယူထား ခြင်ဆေးထွန်းထား
ဟုတ်ကဲ့...ပိုးစုန်းကြူးမြို့မှ နွေးထွေးစွာနှုတ်ခွန်းဆက်သပါ၏ ။ ။





                                                                                                ဟိန်းစံ ( ပဲခူး )









No comments:

Post a Comment