Tuesday, 22 January 2013
ဂုဏ်ပြုခရီး
ပခုက္ကူ မြိုင်နယ်ကျေး
ရောက်ရေးကွဲ့ ဆန်းကြယ် ။
ပိုက်သင်ခေါ် သည်ရွာအလှ
စည်ဖြာပါ့ကွယ် ။
ညီညာစွ သဒ္ဓါကြွယ်
လျှံပယ်ပေါ့ အံ့မခန်း ။
ရှေးစာဆို ဂုဏ်အထူးကို
ချီးကျူးဘို့စွမ်း ။ ။
ဂုဏ်ပြုပွဲ အတူယှဉ် ။
ပြုယင်ကာ ကဗျာအလှနှင့်
စာသလို့ပင် ။
ဂါရဝ ဦးထိပ်တင်
ဥာဏ်ယှဉ်သည့် ပူဇော်ပွဲ ။
ကျော်အောင်စံ ပဌမကို
တမ်းတလို့နွှဲ ။ ။
သည်ခရီး သည်ပွဲတော် ။
ဝင်နွှဲပျော် ဆုပန်သ
ဦးချတိုင်းနော် ။
နှစ်သုံးရာပြည့်ကြုံသော်
ဖြစ်ပေါ်သည့်သည်ပွဲ ။
ဒုလ္လဘ တရားလို့ပင်
ရင်ထဲမှာစွဲ ။ ။
နွှဲလိုတဲ့ ခရီးသည် ။
ဂုဏ်ပြုလို အရောက်လှမ်း
ဖြောင့်တန်းခဲ့ပြီ ။
ပူဇာစ ပူဇာမည်
ကမ္ဘာတည် ကျော်ကာကြွေး ။
ညောင်ရမ်းခေတ် စာဆိုမြတ်ကို
လွမ်းလတ်ဆိုရေး ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment