Saturday, 12 January 2013
လမ်းနှစ်သွယ်
ဆင်းရဲ၏ ဟိုမှာဘက်
ဝင်းလက်လက် မြတ်ချမ်းသာ ။
ကြိုးစားသူ လူအများ
ခံစားရမှာ ။
သတိနှင့် ဆင်ခြင်ပါ
ဥာဏ်ပညာ သည်ခရီး ။
ဗိုလ်ငါးတန် အမှန်ပေါင်းမှ
အောင်ကြောင်းကိုမှီး ။ ။
ချမ်းသာ၏ ဟိုမှာဘက်
ရောင်မထွက် များဒုက္ခာ ။
ဖျင်းအသူ လူအများ
ခံစားရမှာ ။
သတိနှင့် ဥာဏ်ဗလာ
မဆင်ခြင် သူ့ခရီး ။
ဗိုလ်ငါးတန် အကွယ်ရောက်
လမ်းပျောက်ငိုညည်း ။ ။
ဆင်းရဲ၏ ကမ်းတစ်ဘက်
လှမ်းတက်တတ် စေချင်သည် ။
ချမ်းသာ၏ ခြားဘဝ
ဒုက္ခပွေလီ ။
လမ်းနှစ်ဝ ဖြေမညီ
စီရရီဇာတ်ဆုံး ။
အာဂလူ ယှဉ်ကာတွေးလို့
ရွေးမှတ်ဖို့ထုံး ။ ။
( ဒုက္ခဿ အနန္တရံ သုခံ ၊ သုခဿ အနန္တရံ ဒုက္ခံ ပါဠိကိုကြည်ညိုရေးဖွဲ့ပါသည် ။ )
ခရုလိုလူနှင့်အခြားကဗျာများမှ
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment