Wednesday, 9 January 2013
ကရင်အမျိုးသား အလံတော် တေးသံ
ကရင်နှစ်ကူး အခါတော်
မျိုးသားအလံ လွှင့်တူပျော် ။
နီ ဖြူ ပြာရောင် အောက်ခံစပ်
နေဝန်းဖားစည် တံဆိပ်တပ် ။
အနီရောင်ရဲ့ သရုပ်ပုံ
သူရသတ္တိ ပြီးပြည့်စုံ ။
အဖြူရောင်သည် စင်ကြယ်မှု
ဘဝစိတ်ထား ဖော်ဆောင်ပြု ။
အပြာရောင်မှာ ဖြောင့်မှတ်စွာ
တည်ကြည်သစ္စာ အလှဖြာ ။
တက်သစ်နေဝန်း သာယာညွှန်း
ကရင်မျိုးသား တိုးတက်ထွန်း ။
ရောင်ခြည်ကိုးသွယ် ပြောပြရွယ်
ကိုဒီးသားအဖြစ် ဖော်ဆောင်တယ် ။
ရွှေဖားစည်မှာ ဘဝတွက်
စည်ပင်ဝပြော ပုံဆောင်လျက် ။
နှစ်သစ်ချိန်ဝယ် ရွတ်ဆိုမယ်
တိုင်းရင်းညီနောင် သိပါကွယ် ။
မျိုးသားအလံ ဓိပ္ပါယ်လှ
ရွတ်ဆိုပြမယ် မှတ်ပါဗျ ။
တို့ဘဝ တို့အလှ ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment