Friday, 15 February 2013
သိစေလိုပါသည်
မြန်မာ့သွေးသည်
ရှေးရှေးကပင် ရဲရဲလွင်၏ ။
မြန်မာ့စိတ်သည်
အတိတ်မှစ ပြတ်သားကြ၏ ။
မြန်မာ့ဇွဲသည်
ခိုင်မြဲအစဉ် အောင်ပွဲဆင်၏ ။
မြန်မာ့ဥာဏ်သည်
အမှန်ထက်မြက် လွန်တိုးတက်၏ ။
မြန်မာ့မူသည်
ခင်သူမခွဲ အစဉ်မြဲ၏ ။
မြန်မာ့ထုံးသည်
ခြယ်မှုန်းလှပ သွင်နိုးကြွ၏ ။
မြန်မာ့ဂုဏ်သည်
“ လ ” ပုံ “နေ ” နယ် ထွန်းတောက်ကြွယ်၏ ။
မြန်မာ့စည်းသည်
ကမ္ပည်းဝင့်စား မြင့်မြင့်မား၏ ။
မြန်မာ့အိမ်သည်
အချိန်စောင့်သိ တံခါးရှိ၏ ။
မြန်မာ့“သား” သည်
နိုးကြားသတ္တိ အမြဲရှိ၏ ။
မြန်မာ့ဓားသည်
အသွားဝင်းလက် ခုတ်တိုင်းထက်၏ ။
မြန်မာ့လှံသည်
တုံ့ပြန်တတ်လည်း ကျူးကျော်ခဲ၏ ။
မြန်မာ့လေးသည်
မနှေးထွင်းဖောက် သစ္စာထောက်၏ ။
ထို့ကြောင့်သာလျှင် ပြောလိုက်ချင်သည်
အသင်တိုင်းခြား ပြည်ပသားတို့
တို့များ သွေး စိတ် ဇွဲ ဥာဏ် ထိပ်နှင့်
မူ ဟိတ် ထုံး ဂုဏ် စည်းအိမ်လုံ၍
ယုံစားသတ္တိ သားတွင်ရှိလျက်
ဓားမြည့်လှံ လေး ပြည့်အရေးတွင်
ဘေးဝင်ကြားရှုပ် ဝင်လာလုပ်က
အဟုတ်မောင်းထုတ် အသက်ဖြုတ်မည်
ငုတ်တုတ်မကြည့် တတ်တကား ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment