Thursday, 7 February 2013

စိုးရိမ်ရေမှတ်၏အထက်တွင်ရောက်နေသောဖိုင်



တောင်တန်းများ သစ်တောများ မြစ်များ
ပညာရေးများ စာရိတ္တများ ဈေးကွက်ဝင်ဖျာများ
ရေပြင် မြေပြင် သွေးခမ်း အကြောဆွဲ
ဘယ်ဘက်လက်က ညာဘက်လက်ကို ရော့ အင့်
စာအုပ်တစ်အုပ်အသစ်ရေးမယ်
ဝတ်စုံတွေရှာထား ကြက်ခြေခတ်တွေရှာထား
ပုတ်သင်ညိုဝင်စားသူတွေအတွက် ခေါင်းပေါင်းရှားထား
အများသုံး နှလုံးသားတွေ ယူမလာရ ။
မိတ္တူကို
- - - - - ဌာန
- - - - - ဌာန
- - - - - ဌာန တို့သို့ လိပ်မူထားသည် ။ ။









                                            ဟိန်းစံ ( ပဲခူး )






No comments:

Post a Comment