Wednesday, 20 February 2013
အစ်ကို့ထံသို့ စာတစ်စောင်
အစ်ကိုစစ်သည်
ညီငယ်ရင်မှ သတိရလျက်
အလှစာသီ ပို့လိုက်ပြီတည့်
ညီ့အစ်ကိုဖတ်၍ ပျော်ပါတော့.........။
တိုင်းပြည်ရင်နှစ် ညီ့ကိုချစ်တို့
စစ်ထွက်ကာသွား သတင်းကြားသော်
တို့များမိဘ ဝမ်းသာကြ၍
သြချနှစ်ထောင်း ပြည့်သားကောင်းဟု
အောင်ကြောင်းစစ်ပွဲ စိတ်မှာစွဲပြီး
အမြဲရွတ်ပွား ဂုဏ်တော်များနှင့်
ဆုထားဆုပန် နေပါကြောင်း ။
တိုင်းပြည်ရင်နှစ် ညီ့ကိုချစ်တို့
စစ်ထွက်ကာသွား သတင်းကြားသော်
လွမ်းအားပိုကြောင်း မရီးလောင်း၏
ထောင်သောင်းနုရွ စကားလှတွေ
ဖူးကြပွင့်လန်း မမောပန်းဘဲ
ရွှန်းမြဝေဝေ ပြောနေကြောင်း ။
တိုင်းပြည်ရင်နှစ် ညီ့ကိုချစ်တို့
စစ်ထွက်ကာသွား သတင်းကြားသော်
ရွာသားပေါင်းသင်း သူငယ်ချင်းများ
ရင်တွင်းလှိုက်လှိုက် ငယ်အခိုက်က
စစ်တိုက်တိုင်းဆော့ အခုတော့လည်း
စစ်သားပဲတဲ့
ရွာထဲလယ်ထဲ ပြောနေကြောင်း ။
ရွာဦးကျောင်းပျော် ဆရာတော်လည်း
သည်လိုပဲမိန့် ခေါင်းသိမ့်ညိတ်ပြီး
တပည့်ကြီးတွက် ဂုဏ်ယူလျက်ဟု
မပျက်ခါခါ မိန့်နေကြောင်း ။
ညီချစ်လည်းလေ ဂုဏ်ယူနေ၍
စစ်မြေရှေ့တန်း ပြည့်ဝန်ထမ်းတွက်
အပန်းပြေရေး စိတ်ဝယ်တွေးလျက်
ညီလေးရေးလှာ ယခုစာသည်
ရွာမှခြေနေ ဖြစ်ပါကြောင်း ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment