Friday, 1 March 2013

ပြောရေးဆိုခွင့်



စောစောအိပ်လို့ စောစောထပြီး လမ်းလျှောက်လို့မရဘူး
ည ခြောက်နာရီမှ နံနက် ခြောက်နာရီအတွင်း လမ်းမထွက်ရ
ရက်ရာဇာ ပြဿဒါး မပါတဲ့ ပြက္ခဒိန်နဲ့
ထုတ်ဝေသူရဲ့အာဘော်
နံနက်လင်းစ အဆဲသန်သန် အနံ့ဆိုးဆိုး ကွန်မန့်
ကောလာဟလဟာ အုတ်အော်သောင်းတင်း
အုတ်အုတ်ကျက်ကျက် ကျယ်ကျယ်လောင်လောင် ကြွကြွရွရွ
အညာကဖုန်တထောင်းထောင်းမှာ
အကြေကဘေးမဲ့ပွဲကိုရုံသွင်း
အနာဂတ်အိပ်မက်တွေ ဈေးပြိုင်ကြမယ့်တင်ဒါရှိုးနဲ့
နိုင်ငံခြားရေး ဝန်ကြီးသစ်ရဲ့ မြန်မာအပေါ် မပြောင်းသေးတဲ့ သဘောထား
နှစ်သစ်ကူးမှာ နျူးကလီးယားယိမ်းတွေ ထွက် မထွက်
သတင်းဌာနတွေ ဌာနသတင်းတွေကြောင့် အကျိုးဖြစ်ချိန်
ဟုတ်ကဲ့ ခင်ဗျားကော ကဗျာရေးသူလား ။ ။


                                                                              ဟိန်းစံ ( ပဲခူး )



No comments:

Post a Comment