Monday, 25 March 2013
ဓါတ်ခိုက် နာမ်ခိုက် ခမည်းအလိုအရ
စံပယ်လေးတွေကတစ်တန်း
ခရေလေးတွေကတစ်တန်း
ဆူးထွင်ထားတဲ့ နှင်းဆီလေးတွေကတစ်တန်း
သေသေသပ်သပ် အတန်းလိုက် အစဉ်လိုက် ထားတတ်တဲ့ လူကြီးက
သုံးမျိုး ထောင့်ငါးရာဆိုတဲ့ အချစ်တွေကို
လူရှောင်လမ်းကရှောင်တယ်
ဒီလူကြီးက လူနဲ့နှလုံးသား တစ်ခြားစီမွေးလာတဲ့သူ
နှလုံးသားဟာ စနေဖွား နေတက် ရေတက်
သတိထားမိသလောက်တော့
ဒီလူကြီး မနေ့ကအထိ ငှက်ပျောပင် မစိုက်သေးကြောင်း ။ ။
ဟိန်းစံ ( ပဲခူး )
ကဗျာဆရာ လှိုင်ရဲအောင် ( ပြည် ) ၏ မွေးနေ့အမှတ်တရ
3-26-2013
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment