Tuesday, 26 March 2013
ညိုမြရေ မင်းလာရင် မြနန္ဒာလေးပါခေါ်ခဲ့
ညိုမြ ဆယ်ရက်အတွင်း ပတ်စ်ပို့ရမယ်ဆို
ငါ့ဆီကို လိုက်လာခဲ့ပါ
ညိုမြနဲ့ ရေမကစားရတာ တန်ခူးငါးကြိမ်တိုင်ပြီ
ရေနီမြောင်းမှာ တူးပို့တူးပို့တုန်းက
ညိုမြရဲ့ပါးကို တိုးထိသွားတဲ့လေရူးဟာ ငါပေါ့
မှတ်မိနေဦးမလား ညိုမြရေ
သစ္စာ မေတ္တာဆောင်ရှေ့ကမဏ္ဍပ်မှာ ပေးခဲ့တဲ့ ငုတွေပိတောက်တွေဟာ
ငါကိုယ်တိုင် အောင်ပယ်လယ်ဘက်က ခူးခဲ့တာလေ
မဟာမြိုင်က သူငယ်ချင်းမတွေ တောင်းနေတာတောင်
တစ်ပွင့်တစ်ခတ်မှ ငါ မပေးခဲ့ဘူး
ငါရည်စူးခဲ့တာ ညိုမြအတွက်မို့ပါ
ငါကတော့ သတိရနေသေးတယ် ညိုမြ
မြို့မ အလှပြယာဉ်ကို အနောက်ကလိုက်မကြည့်ရလို့
ဇွတ်ပူစာနေတဲ့ ညိုမြ
မြို့တော်ဝန်မဏ္ဍပ်က အမေများယိမ်းကို
အပြီးအထိကြည့်တဲ့ ညိုမြ
တောင်သမန်က မယ်ဇယ်ရိပ်အထိ ချော့ခဲ့ရတာ
ငါပြန်ပြောပြမယ် ညိုမြ
အာ ဖုန်းထဲကို ဘယ်သူရွှဲအောင်စိုအောင် လောင်းလိုက်တာလဲ
ဟယ်လို ဟယ်လို ဟယ်လို
ဒါ ပြီးခဲ့တဲ့နှစ်က
စကား နှစ်လုံးကျန်သွားတဲ့
ထောင့်ငါးရာ စက္ကန့်အလို တစ်ကောပေါ့ ... ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment