Thursday, 21 March 2013
ခေါင်းစဉ်ကြီးကြီးအောက်က စာကိုယ်နည်းနည်း
ဒီကနေ့ကို လာခဲ့တဲ့ လမ်းပါ
နေ့တိုင်းစောင့်နေခဲ့တာပါ
နေ့တိုင်းမျှော်နေခဲ့တာပါ
အသက်ထက် ပိုပြီးစိတ်ဝင်စားခဲ့တာပါ
ဘုးရားဝတ်ပြုတိုင်း သတိတရတောင်းဖြစ်ခဲ့တဲ့ ဆုပါ
ရင်ထဲအထိ ဖြတ်ဖောက်ထားတဲ့လမ်းအတိုင်း လျှောက်ခဲ့တာပါ
ကြေကြေကွဲကွဲအဖြစ်များကို ကြင်ကြင်နာနာတေးမှတ်ခဲ့တာပါ
ယူချင်စရာတွေအများကြီးထဲက အယူချင်ဆုံးကိုပဲယူလာခဲ့တာပါ
ဒါဟာ ဒီကနေ့ကို လာခဲ့တဲ့လမ်းပါ ။ ။
ဟိန်းစံ ( ပဲခူး )
March 21 - 2013 ကမ္ဘာ့ကဗျာနေ့အမှတ်တရ
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment