Wednesday, 20 March 2013
မြန်မာ့အရုဏ်
အောက်အီးအီးအွတ် သံချိုရွတ်လို့
ညွတ်နူးဆင့်ပန် ကြားလေသော် ။
ကျလိကျလိ တေးဆိုဘိသို့
သံညှိမြူးတူး ကြလေသော် ။
ဝဠာတစ်သောင်း ခြိမ့်ခြိမ့်ညောင်းမျှ
တုန်းမောင်းခေါက်သံ ညံလေသော် ။
ပရိတ်တရား ဂုဏ်တော်များနှင့်
ရွတ်ပွားဖတ်သံ လွင့်ပျံသော် ။
ကြေးစည်သံမြည် ကုသိုလ်သည်တို့
ပြန်လည်ဝေငှ မျှလေသော် ။
ကလူသယောင် မြူဟန်ဆောင်နှင့်
ညဥ့်မောင်ပါးလျား အလင်းများဖောက်
နေခြည်လှောက်၍ မွေ့ဖွယ်တေးစုံ
ကုသိုလ်ထုံလျက် အရုဏ်တက်သည်
နှစ်သက်ဖွယ်ပါ့ မြန်မာ့အလှ ။
ချစ်မက်သွယ်လျ မြန်မာ့ဘဝ ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment