Monday, 11 March 2013
သဘာဝ၏ ဆုံးမဟန်
သစ်ကြီးဝါးကြီး မြင့်မြင့်ထီးက
မြည်ဟီးမုန်တိုင်း လေအရိုင်းတွင်
ကိုင်းညွှတ်မတတ် မားမားမတ်ကြောင့်
ပိုင်းပြတ်မြေခ ဆုံးရှုံးရသည့်
ဘဝသစ်ပင် တွေ့ရစဉ် ။
ပန်းပြားပင်ငယ် မုန်တိုင်းနယ်လည်း
ဘယ်ယိမ်းညာနွဲ့ ကိုင်းညွတ်သွဲ့လို့
နေခဲ့အတတ် သူ့လုပ်ရပ်ကြောင့်
ပိုင်းပြတ်ကျိုးကြေ မဖြစ်လေဘဲ
မြေဝယ်မခ အလှဆက်ရှင်
ထိုသစ်ပင်ကို တွေ့ရစဉ် ။
ရာဇသင်္ကြံ
မာန်ကိုခွါချ သဘာဝ၏
သတိပေးသံ ဆုံးမဟန်ကို
နာခံတတ်ခဲ့ အတွေးချဲ့သော်
ယဲ့ယဲ့သံညင်း သူ့နှုတ်တွင်းမှ
ပွင့်ကျကထာ မှတ်တမ်းသာသည်
ငါလေပြုကျင့် မှားတကား ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment