အပင်မြင့်မြင့်
ပန်းများပွင့်လို့
သီးဝင့်ခက်ကိုင်း
မြင်သူတိုင်းကြည့် ပကတိ ။
ဘာ့ကြောင့်ထိုအပင်
ပန်းများလွင်လို့
သီးတင်ကိုင်းခက်
အလှသွက်လဲ
မတွေးဘဲနှင့်
ကြည့်မြဲကြည့်ကြ အံ့သြရ ။
အရင်းစစ်တော့ အမြစ်မြေက
ကျေကြတာဝန် စွမ်းရည်မွန်ကြောင့်
လွန်စွာဖွင့်တည် သူ့ပင်စည်နှင့်
ဝေလည်အုပ်ဆိုင်း သူ့ခက်ကိုင်းနှင့်
ပန်းတိုင်းသီးတင် ထိုအပင်ကို
အမြင်မမွဲ သင့်ရင်ထဲက
ဥာဏ်ကဲလို့ကြည့် ကျိုးကြောင်းရှိသည်
အသိနောက်မကျနိုင်တကား ။ ။
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment