ငါကိုယ်တိုင်ပင် ငိုပွဲဆင်၍
ရှိုက်ငင်စီးကျ မျက်ရည်စနှင့်
လောကလူ့ရွာ ဝင်အလာ ။
ငါလျင်သေဆုံး ဝိဥာဉ်တုံးတော့
ယူကျုံးမရ ဝိုင်းငိုကြနှင့်
လောကလူ့ခွင် စွန့်ခွာစဉ် ။
အငိုရုပ်ချင်း ပြောင်းလဲခြင်းနှင့်
စီးဆင်းလူ့ဘောင် ချိန်ကုန်အောင်လှည့်
နောင်တမဲ့၍ နှစ်မဲ့ခရီး
အကြိုက်ကြီးကြိုက် လွန်နှစ်ချိုက်သည်
မှောင်မိုက်ခရီးသွား ငိုသံများ ။ ။
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment