Friday, 3 May 2013
နီပဆေးရွာသို့
သူတို့ရွာ ဝင်သည့်လမ်း
ခင်တန်းနှင့် လျှိုမြှောင် ။
ထန်းတောညို ပင်ထနောင်းနှင့်
လမ်းဟောင်းကိုရှောင် ။
အမြင့်ရယ်သီခေါင်
ပညောင်ဝင့် မန်ကျီး ။
ခေါ်ကာလေ အပျော်စိုက်မယ်
လိုက်ခဲ့ခရီး ။ ။
ရောက်ခဲ့ပေါ့ ခရီးနယ်
အိုဘယ့်ဘယ် အပူတော
စိတ်မောရှုဖွယ် ။
သူပြောတော့ ပျော်ရွှင်မယ်
ပြန်ချင်တယ် မဖြစ်ဘူး ။
မြင်နေတာ ဘာတစ်ခုမှ
ရှုလို့မထူး ။ ။
ထူးပါပေါ့ စိတ်ဘဝင်
ရွာအဝင် ရင်ခုန်ဇောနဲ့
အံ့သြလို့ပင် ။
ကိုယ်တွေ့မို့ စိတ်ပျော်ရွှင်
အသွင်တင့်အလှများ ။
သူတို့ရွာ သာဓလေ့မှာ
ပျော်မွေ့လို့သွား ။ ။
ဟိန်းစံ ( ပဲခူး )
မေလ 2013 ပြုံးစရာမဂ္ဂဇင်း
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment