Tuesday, 14 May 2013
ပြုလုပ်သူများ
သိကြတယ် ရှိကြတယ်မဟုတ်လား
ရင်ဖုံးအကျီ င်္ ရင်စေ့အကျီ င်္ လုံချည်နဲ့
ပဝါစုနောင်ချမြန်မာအဘွားအိုတစ်ဦး
သူ့နိုင်ငံအတွက် လိုအပ်နေတဲ့အကူအညီတွေ
ကမ္ဘာပတ်ပြီးတောင်းနေရမ်းနေချိန်
သူ့ပြည်တွင်းကမိန်းကလေးတွေဟာ
ပေါင်မှာကုလားဖျင်းထိုးထားတဲ့အဝတ်စနဲ့
သူ့ပြည်တွင်းကယောင်္ကျားလေးတွေက
တောင်မြောက်မကွဲလို့
နေဝင်ရာအရပ်မျက်နှာမူပြီး လက်နှစ်ဘက်ကိုဆန့်နေကြ
ပုစွန်ခေါင်းသမ္မတကြီးအမည်နာမထံ
ပြေးပြေးကပ်လာတဲ့ ထင်ပေါ်လိုသူတွေလည်း
နိုင်ငံတကာက ဟိုရုံးဒီရုံး ဟိုလမ်းဒီလမ်းရှေ့
ဆိုင်းဘုတ်တွေတထောင်ထောင် စာတွေတန်းတယမ်းယမ်း
တွင်းရေမသောက်ဖူးတဲ့အသိဥာဏ်များ
မျက်စိနာ မျက်ချေးပိတ်မြင်ကွင်းများ
တစ်ကိုယ်ရေတိုင်းမငြိမ်းချမ်းဘဲ တောင်းနေတဲ့ငြိမ်းချမ်းရေးများ
အသံတွေသရုပ်ခွဲတော့
ပြည်တွင်းကိုဦးတည်နေတဲ့မုန်တိုင်းဟာ
စိတ်ဖိအားများရပ်ဝန်းမှာတဝဲလည်လည်
အခုတော့
ကပ်ခွာတစ်ရံစီစီးပြီး
မိန့်ခွန်းတစ်ပိုင်းနဲ့တိုင်စာတစ်စောင်ကြား
အမောအပန်းဖြေအားလပ်ချိန်ယူရင်း
ဆန္ဒတွေဆက်ကြည့်လိုက်ရအောင် ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment