Monday, 20 May 2013
ဟက်ပီးဘက်ဒေးပါ ပန်ဒါ
ဟက်ပီးဘက်ဒေးပါ ညီမလေးရေ
ကဗျာ့ကမ္ဘာက ကြိုဆိုနေပါတယ်
မြန်မာကဗျာဆရာမတွေကိုအင်းအားဖြည့်ဘို့
ကဗျာမြေကိုအရောက်လာခဲ့ပါ
ညီမလေးအကြောင်းကို သိနေတာပဲလေ
ပိုးကိုက အညတရမှမဟုတ်ဘဲ
ပိုးကိုက အနုညာတမှမဟုတ်ဘဲ
ဘဝတွေကို ကောက်သင်းကောက်ရတဲ့အတတ်
နှလုံးသားနဲ့ အချိန်တွေကို သီစပ်ရတဲ့အတတ်
ငါ့ညီမက နှစ်သက်တယ်မဟုတ်လား
ရဲရဲလျှောက်လိုက်တော့ ပန်ဒါရေ
ညီးနှလုံးသားက မိုးကုပ်မြေကထွက်တဲ့ရတနာ
ညီးခံစားမှုက လူ့လောကရဲ့အနာတရ
လွတ်လွတ်လပ်လပ်ပွင့်လို့ သင်းပျံ့လိုက်စမ်းပါ
ကဗျာဟာ အနာကျက်ဆေးမဟုတ်ပေမယ့်
ဒဏ်ရာတွေထွက်ပြေးမသွားအောင်သိမ်းထားနိုင်တဲ့ဘဏ်ဆိုတာ
ပန်ဒါ သိပြီးသားတွေဖြစ်မှာပါ ။ ။
ညီမငယ် ပန်ဒါ၏ မွေးနေ့အမှတ်တရ ......
ဟိန်းစံ ( ပဲခူး )
2013 - 5 - 20
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
မယ်ပန်ဒါရေ လက်ဆောင်ပေါ့ ...... ။
ReplyDelete