ပစ္စက္ခပြက္ခဒိန်
ဒါဟာ မပြည့်အိုးတို့ရဲ့ ရုပ်ဖြစ်ကြွင်း
သတင်းတွေနာတဲ့ “ရင်”
ဆီလျော်တဲ့ အချိန်ကိုက်ဗုံး
ရှိုက်လိုက်ရမလား
ငိုလိုက်ရမလား
ကဗျာဆရာကကော
ဘယ်လိုပန်းနဲ့ ဝါကျဖြစ်လာမလဲ...
မွန်းမွန်းကြပ်ကြပ် လွဲလွန်းတယ်....။
ထပ်ပြောချင်တဲ့ ငါတို့အကြောင်းတွေ
ငါ့ကိုယ်ပေါ် ပိကျ
သက်ပြင်းတိုင်းသာ အာဟာရဆို
သူတို့ရဲ့ ကမ္ဘာထဲကိုဝင်ရောက်ဖို့
စိတ်ရဲ့တံခါးပေါက်တွေ ထပ်ချဲ့ထားရမှာ...။ ။
ဟိန်းစံ ( ပဲခူး )
ကံ့ကူအွန်လိုင်းမဂ္ဂဇင်း 2013 မေလ
;)
ReplyDeleteကဗျာဆရာကကော
ဘယ်လိုပန်းနဲ့ ဝါကျဖြစ်လာမလဲ...
မွန်းမွန်းကြပ်ကြပ် လွဲလွန်းတယ်....။