Thursday, 13 June 2013
လူနဲ့ခတ်တဲ့ကြက်ခြေ
အသင်မှား အတတ်မှား အကျင့်မှား အမှတ်မှားအောင်လုပ်နေသူတွေကြောင့်
နာတယ် ။ အိမ်တန်းမစေ့တဲ့အိမ်နဲ့ လူတန်းမစေ့တဲ့လူ့ဘဝအဖြစ် ကြေငြာခဲ့တာ
တွေကြောင့် ဝစီမျက်နေရတဲ့ဘဝဟာ နာတယ် ။ ငါနဲ့အဆင်မပြေတိုင်း ငါ့ဟာ
ပြန်ပြန်လုပ်သွားတာတွေကြောင့် နာတယ် ။ ရှစ်ဆယ့်ရှစ်ကို လိုက်ကာဆွဲလိုက်
တဲ့ လမ်းတံတားတွေအောက်မိန်းမောသွားကြတာကြောင့် နာတယ် ။ သတိပြန်
လည်လာချိန် ဆည်တူးမြောင်းဖောက် နှစ်သီးစားသုံးသီးစားတွေနောက် ကောက်
ကောက်ပါသွားကြတာကြောင့် နာတယ် ။ မစားရဝခမန်းနောက် ဓါတ်အားပေး
စက်ရုံတွေကို မျှော်လင့်လာတာကြောင့် နာတယ် ။ အရေးသုံးပါးနဲ့အလဲထိုးခံရ
တဲ့ အလှူအတန်းတွေကြား စွယ်တော်ကိုအယောင်ပြခဲ့တာ နာတယ် ။ အမျိုးသား
အားကစားပွဲတော်နဲ့ အမျိုးသားပြယုဂ်ကို ကပ်ခွာလုပ်ခံရတာ နာတယ် ။ လှေသ
ဘင်ပွဲမှာ ထည့်အလှော်ခံလိုက်ရတာတွေကြောင့် နာတယ် ။ မြဝတီအငြိမ့်နဲ့ ဆို
ကရေးတီးပြိုင်ပွဲတွေမှာ လက်ခုပ်သံတွေအခိုးခံရတာ နာတယ် ။ သံဃာ့ဘုန်းနဲ့သံ
ဃာ့ဂုဏ်မှာ အိုးမဲသွားသုတ်တဲ့လက်တွေကြောင့် နာတယ် ။ ကုန်ကုန်ပြောရရင်
စကျင်တောင်က ကျောက်တုံးကြီးကို ကျောက်တော်ကြီးအဖြစ် အာရုံလွှဲခံရတာ
နာတယ် ။ နည်းနည်းရိုးလာတဲ့အချိန် အိမ်သားတွေခုံပြန်မလှုပ်အောင် ဆင်ဖြူ
တစ်ကောင်ခိုးပေးခဲ့တာကြောင့် နာတယ် ။ တိရိစ္ဆာန်ရှိရာ တိရိစ္ဆာန်လာ ဆင်ပြီး
ဆင် ဆင်ပြီးမြင်း တစ်ကောင်ပြိးတစ်ကောင် ရွှေ့ရွှေ့သွားတာကြောင့် နာတယ် ။
မင်းဓမ္မကုန်းကိုနိဂုံးချုပ်ပြီးတဲ့နောက် အဝေးပြေးဝင်းတွေမြို့စွန်ရောက်သွားရတာ
နာတယ် ။ စနစ်သစ်စီမံကိန်းတွေကြောင့် သင်္ချိုင်းတွေနေရာပြောင်းသွားကြတာ
နာတယ် ။ အဆင့်မြန်ပညာရေးရဲ့ ပါဝါယုတ်အားနဲ့အတူ မြို့ရိပ်မြို့နံ့အခွါခံရတဲ့
တက္ကသိုလ်ကောလိပ်တွေလည်း နာတယ် ။ ဘယ်သူ့သဘောထားကို ဘယ်သူ
တွေရေးခိုင်းပြီး ဘယ်သူတွေကိုယ်တိုင်မဖတ်ဘဲ ကျော်ကျော်သွားနေသလဲဆို
တာ မသိသူတွေကြောင့် နာတယ် ။ ဦးတည်ချက်တိုင်း ဦးတည်လျက်ရှိမနေတာ
တွေကြောင့် နာတယ် ။ သဟဇာတမဖြစ်တဲ့ခေါင်းနဲ့ သဟဇာတမဖြစ်တဲ့ကိုယ်မှာ
လက်တွေခြေတွေအရောင်အဆင်းကွဲတာ အရှေ့အနောက်ကွဲတာတွေကြောင့် နာ
တယ် ။ လူ့စည်းဘီလူးစည်းဆိုတာကို မသိခြင်းတွေကြောင့် နာတယ် ။ ကိုယ့်မျိုး
ကိုယ်ထား မျိုးသန့်ပွားဆိုတဲ့ဆောင်ပုဒ်ဟာ လယ်ထဲယာထဲကကျော်ပြီး ဘယ်နေရာ
မှာမှ မသင့်လျော်ဘူးလို့ထင်တဲ့ ပညာရှိတွေကြောင့် နာတယ် ။ ကိုယ့်သားသမီး
ကိုယ် မစောင့်ရှောက်ချင်တဲ့ မိစိတ်ဘစိတ်ကုန်နေသူတွေကြောင့် နာတယ် ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment