Wednesday, 12 June 2013
ရေနည်းငါးတို့ ဆက်ထုံး
ညီပါကွဲ့ညီပါ ။
ဒုက္ခတွေ မှိုလိုပေါက်
ကပ်ရောက်တဲ့ခါ ။
ပုပ်ပွလို့်နံလာ
ရင်နာဖွယ် ဒီသတင်း ။
သမိုင်းဝင် ရေးအကြောင်း
ဗိန်းမောင်းနဲ့ညင်း ။ ။
စွန့်ပါကွဲ့ပစ်ပါ ။
မိဘဆို ခေါင်းဆောင်သစ်က
ပစ်ထားလို့သာ ။
သူတစ်ပါး နိုင်ကျင့်လာ
တိုင်းခြားမှာ အသေဆိုး ။
မြန်မာ့မြေ သဘောဟောင်းရဲ့
ကောင်းတဲ့အကျိုး ။ ။
စားပါကွဲ့စားပါ ။
လဘ်စားကာ အကျင့်ပျက်တို့
ဖျက်လို့ပြည်နာ ။
သက်ရောက်မှု အရာရာ
ဆုံးရှုံးတာ ကိုယ့်ပြည်သား ။
နာဂတ်ကို သူမငဲ့
စားခဲ့တအား ။ ။
သိပါကွဲ့မှတ်ပါ ။
မောင်မယ်တွေ အတိတ်ရပ်ကို
သိမှတ်ကြပါ ။
ကိုယ့်အလှည့် ရောက်ခွင့်သာ
ရောက်လာလျင် ပြင်ဆင်ကြ ။
ကိုယ်ချင်းစာ စိတ်ကိုမွေး
နွေးထွေးစေဗျ ။ ။
မူပါကွဲ့မူပါ ။
ကိုယ်သွားရာ ပန်းတိုင်ပြု
ရှေးရှုမူပါ ။
ဆူပူမှု လှုံ့ဆော်လာ
သူသူငါ ရှောင်စေတော့ ။
ကိုယ်မပါ ကိုယ်မလုပ်ရင်
ငြိမ်းချုပ်တာပေါ့ ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment