Tuesday, 4 June 2013
ကဗျာလောကကြီး ညီညွတ်ကြစေ
သာအေးတို့စုံပြီ ။
ဂန္ထဝင် ကဗျာတေးနှင့်
ဘေးတီးလိမ့်မည် ။
ထောင်နားစိုက် ရွှင်ရွှင်ကြည်
ခင်မဒီမောင်ပြား ။
ခေတ်စမ်းဟန် ကဗျာစပ်
ဖတ်မှတ်စေသား ။ ။
ကဗျာနှင့်လာမယ် ။
လူစုံစုံ ကဗျာပွဲ
နွှဲချင်လှတယ် ။
ရေးစပ်ကြ ကဗျာနယ်
လင်းလာတယ် ယုံစေတော့ ။
ပို့စ်မော်ဒန် L Pသွင်းလို့
ရင်တွင်းဖြစ်နော့ ။ ။
ဂန္ထဝင် အရေးကျဲ
ဝိုင်းဆဲလို့ မဖြစ်နိုင် ။
ကဗျာ့ရင် ကဗျာသွေးနှင့်
နွေးထွေးမြဲခိုင် ။
ဖလှယ်ကြမြိုင်မြိုင်
ရနံ့လှိုင်ထုံသင်း ။
မြတ်နိုးသူ ကဗျာလမ်းမှာ
ပန်းလှလှဝင်း ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment