Thursday, 12 September 2013
အတ္တထွင်မယ့်လက်နက်
မအိပ်ခင်တည်းက မီးပျက်နေလို့လားပဲ
အိပ်မက်တွေမှောင်မဲနေတယ် ချစ်သူ
အငုံအကင်း ဥပဒေတွေနဲ့ ဘူမိနတ်သံရှာဖို့
ဒီကမ ၻာထဲမွာ
နောက်တိုက်တစ်လုံးလောက်ဆောက်ရအောင် ။
မေတ္တာတရားတွေအထပ်ထပ်ဖာထေးထားတဲ့
စည်းကမ်းအကွဲကြီးအောက်မှာလည်း
တံစက်မြိတ်ကော ခေါင်ကော မိုးရေမွန်းနေတာ
မင်းတွေ့ရဲ့လား ချစ်သူ ။
၉၇ ပါးမြောက်သွားတဲ့ ပိုးမွှားရဲ့ဘက်သ်ဒေး သက္ကရာဇ်ကို
၂၁ ရာစုမှာ ချည်ပြီး တုပ်ပြီး
ကိုင်းဆက် စိုက်ပျိုး မွေးမြူ အောင်မြင်နေကြပြီ ။
ချစ်သူရေ
မလိမ်မိုးမလိမ္မာ အဆူးတွေထွင်တုန်းက
သုံးခဲ့တဲ့ အပ်ကလေးဟာ
ဂလိုဘယ်ရွာကလေးအတွက်
အရောင်မလျော့နိုင်တော့ဘူး
ပြည်မပေါက်နိုင်တော့ဘူး
အခုချွန်မြနေတဲ့ စာရိတ္တကိုတော့
ဇရာထဲစိုက်ဝင်နေတဲ့
အတ္တရိုင်းတွေနုတ်မယ့်ပွဲမှာသုံးဖို့
အားလုံးရဲ့မျက်လုံးရှေ့မှာ
တကူးတက ချသွေးကြတာပေါ့ ချစ်သူ ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
မိုက်တယ်
ReplyDelete