ဒြပ်မဲ့အသက်ဆက်ရန်တောင့်တခြင်း
စိတ်လောင်ပန်းတွေမို့လားပဲ
အရောင်ဟာ မွဲတာထက် ပိုခြောက်နေတယ်
ထွန်းထားတဲ့ ဇာတိလည်း ခပ်ဖျော့ဖျော့အလင်းနဲ့
မီးစာ အကူးခက်နေတုန်း
လက်က စ ပူခဲ့ပြီ
ပြီးတော့ ဗဟိဒ္ဓတစ်ကိုယ်လုံး
ဒီနေ့ပြာကျပြီး
နောက်နေ့ အငွေ့နဲ့ အသက်ဆက်ဖို့
လေထုရေ
ကျေးဇူးပြုပြီး ငါ့ကို သယ်ယူသွားပေးပါ .... ။
ဟိန်းစံ ( ပဲခူး )
aug . 17 . 2013 ရသကမ်းခြေ လပွတ္တာအွန်လိုင်းမဂ္ဂဇင်း
No comments:
Post a Comment