Saturday, 7 September 2013
အလျော့တွက်
တစ်ရက်ကုန်လို့ တစ်ရွက်ဆွဲဖြုတ်လိုက်ရတဲ့ ပြက္ခဒိန်မှာ
ညီညီကလေးပြတ်သွားတဲ့ အရွက်တွေရှိသလို
စွေစွေစောင်းစောင်းနဲ့ တစ်စဆွဲ အရွက်တွေလည်းရှိတယ်
တဖြေးဖြေးပါးပါးလာတဲ့ ပြက္ခဒိန်ဟာ လူပရုပ်လုံးတွေပဲ
လက်ကျန်သက်တမ်းတွေအတွက် လေးလေးနက်နက်ရှိမနေတော့ဘူး
အဆံချောင်ကြက်ဥတွေ ဈေးမမြောက်တာ ဘာဆန်းလဲ
အဆံချောင်လူတွေထက်စာရင်
ပိုးမျိုးရှစ်ဆယ်ရဲ့ အဟာရအဖြစ် ဂုဏ်မြှင့်ခွင့်ရှိတယ်
မွေးဖွားဆဲစက္ကန့်နောက် ဒုတိယစက္ကန့်ကစလို့
အားလုံးဟာ အချုံ့ဇယား ဝမ်းဝေးမိတ္တူ
ဘဝကို ကိုယ်ထူ ကိုယ်ထ ရပြီ
ယနေ့ကျရောက်သော မွေးနေ့မှသည် နောင်အသက်တစ်ရာ့နှစ်ဆယ်တိုင်
ဘာ ညာ စတဲ့ဆုတောင်းတွေအတွက်တော့
အနိစ္စက ခနဲ့ပြုံး ပြုံးနေမှာ အသေအချာ
ဟိန်းစံ ( ပဲခူး )
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment