သီတင်းကျွတ်ပြီတဲ့
အဲဒီစာလုံးလေးတွေ
ငါ့မျက်ဝန်းရှေ့ရောက်လာတယ်
ဒါဆို ငါတို့နိုင်ငံမှာမိုးလေကင်းလွတ်
ငါ့ရင်ထဲမှာတော့
မိုးတွေလည်းရွာတုန်း
လေတွေလည်းထန်တုန်းပါ ။
အခု ငါ့ဘဝက
လပြည့်ရက်တွေကိုရှေုးရှုနေသလား
လကွယ်ရက်တွေကိုဦးတည်နေသလား
ဘယ်အခါကျမှ ငါ သီတင်းကျွတ်မှာလဲ ။ ။
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment