Thursday, 28 November 2013
တမာတောမှ မျှော်မိသည်
တမာပင်ရိပ် ၊ စိန်ပန်းရိပ်နှင့်
အတိတ်တစ်ခု ၊ ရင်တွင်းရှုသော်
နုသယနာ ၊ အချစ်ရွာသည်
ခုခါသွေ့ခြောက် နေပြီလား ။
တက္ကသိုလ်မြေ ၊ ငယ်ချင်းတွေနှင့်
ရေနီမြောင်းနား ၊ အကြော်စားရင်း
စကားနှီးနှော ၊ တသောသောကို
လွမ်းမောနေမိ ဆဲပါလေ ။
တစ်ခါတုန်းဆီ ၊ တွေးမိသည်က
ပြန်လည်တတမ်း ၊ စိတ်နွမ်းနွမ်းနှင့်
စိန်ပန်းကြွေကြား ၊ နှလုံးသားကို
ရှိငြားလေလိမ့် ရှာမိ၏ ။
စိန်ပန်းနီစွေး ၊ နှလုံးသွေးဖြင့်
ထွေးပွေ့ဖြစ်တည် ၊ အချစ်သည်လည်း
မျှော်ရည်ဝေ့ဝေ့ ၊ လွမ်းငွေ့ငွေ့မို့
တစ်နေ့နေ့တော့ ဆုံချင်သည် ။ ။
ဟိန်းစံ ( ပဲခူး)
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment