Thursday, 26 March 2015
သတင်းစာရှင်းပွဲ
အရိုးလုံးဝမပါတဲ့ အသားကိုစားချ င်ရင်တော့
တီကောင်လို မျှော့လိုအကောင်တွေကိုစားပေါ့
လောကကြီးက အစွန်းအထင်းမကင်းတော့ဘူး
အရောင်တွေများများလာတယ်
သမိုင်းဝင်မှုရုပ်ပုံကားချ ပ်ထဲ
စေတနာအချိုးအစားနည်းနည်းထည့်လို့ အလုအယက်မွှေကြ
အနာက အနာသက်သက်
ဆေးက ဆေးတခြား
ဂဏန်းတွေသိပ်များနေရင်
အပြီးပေါက်နဲ့ စီးရီးဆွဲ
ဒီကနေ့ရှုပ်လိုက်တဲ့ အကြောင်းအရာအတွက်တော့
နောက်နေ့ သတင်းစာရှင်းပွဲလုပ်မယ် ။ ။
ဟိန်းစံ ( ပဲခူး )
Mar - 21 -2015 ကမ္ဘာ့ကဗျာနေ့ အမှတ်တရ
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment