Friday, 3 April 2015
ယူကလစ်လမ်းမှာ ပြန်လျှောက်ချိန်
နွေးထွေးငွေ့သက် ၊ အတိတ်ရက်ကို
ယှဉ်လျ က်ငေးမော ၊ ပြန်ကာပြောဖို့
တွေးတောနေလား ချ စ်တဲ့သူ ။
လာပါချ စ်သူ ၊ အတူတူပေါ့
ယူကလစ်တန်း ၊ စိတ်မှာလွမ်းလို့
ကျောင်းလမ်းထဲကို လျှောက်ရအောင် ။
ချ စ်သူမြင်လား ၊ ဟော ဟိုနားက
တန်းလျားခုံတွင် ၊ ထင်ထင်ရှားရှား
နှလုံးသားနှင့် ၊ ထွင်းထားသည့်စာ
ကိုယ့်လက်ရာသည် ၊ ကဗျာသရုပ်
ချ စ်ဂုဏ်ပုဒ်နှင့် ၊ ငွါးငွါးစွင့်စွင့် ရှိနေတုန်း ။
မှန်းစမ်းချ စ်သူ ၊ သစ်ရိပ်ကူလည်း
လေပူဆော့သွမ်း ၊ မင်းစိတ်နွမ်းရင်
စိန်ပန်းပင်အောက် ၊ အမြန်လျှောက်လို့
တစ်ထောက်ခိုနား ၊ ကိုယ့်ရင်ကြားမှာ
စကားတီးတိုး ၊ ချ စ်စိတ်နှိုးမည်
ဟိုး ဟိုတုန်းက အရွယ်လို ။ ။
ဟိန်းစံ ( ပဲခူး )
2013-2014 ပညာသင်နှစ် လွို င်ကော်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွင်ဖော်ပြပြီး
31 March 2015
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment