Tuesday, 24 November 2015

သံလွင်မြစ်မှ



သံလွင်မြစ်  ရေယာဉ်ကြော
စုန်မျောခဲ့   ချ မ်းမြေ့စွာ  ။
မြို့ ချောင်းဆုံ  ဦးတည်ပြီး
ခရီးထွက်လာ  ။
သံလွစ်မြစ်  ဝဲနှင့်ယာ
ရှုလေရာ မရိုး  ။
စာပန်းချီ  သီပါရ
စိတ်လှသူနိုး  ။      ။

မဟာမြတ်မုနိ  ကျိုက်သလ္လံ
ဦးခန္တီ ဦးဇိန
ဖူးရတစ်ဖန်  ။
တောင်ပေါ်တန်း  အဝေးဟန်
သွင်သဏ္ဍာန်  ပန်းချီကား  ။
မော်ရွှေမြို င်  မြို့ အလှကို
အဝေးကခံစား  ။      ။

ဇက်ရေယာဉ်  ငြိမ့်ငြိမ့်သွား
ဇင်ယော်များ  လိုက်ပျော်ရွှင်  ။
အစာကျွေးသူ  မြူ သရွေ့
တွေ့ရမည်ပင်   ။
အစာမရ  နောက်ချန်ချင်
လှိုင်းခွက်တွင် ကျန်ခဲ့   ။
နောက်ရေယာဉ်  အစာချ
မျှော်ကြသည်တဲ့   ။      ။

ဇင်ယော်တွေ  အမြင်ပျောက်တော့ 
ဒီရေသောက်  ဓနိပင်
မြင်ရသည်တွင်  ။
နတ်မော်ဆိပ်  ကမ်းကပ်ဝင်
အတွေးမျှင်ချု ပ်ငြိမ်း    ။
မြစ်သံလွင်  ပန်းချီတစ်ချပ်ကို
ရေးမှတ်လို့သိမ်း   ။       ။


ဟိန်းစံ ( ပဲခူး )

တိုးတက်သောမွန်လူငယ်အစည်းအရုံးဂျာနယ် september  2015



No comments:

Post a Comment