အချစ်
====
အိပ်မက်တွေနဲ့
ကွဲကွဲလွဲလွဲ ဝင်စားတတ်တဲ့ အက္ခရာ
လှိုင်းတွေရဲ့ အနားသပ်မဟုတ်ဘူး
တိမ်တွေအတွက် ကမ်းစပ်မဟုတ်ဘူး
ငါ ထိုင်မိနေတာ ကမ္ဘာရဲ့ အခြားတစ်ဘက်
ငါ့ ရဲ့ နှလုံးသားရပ်ဝန်းမှာ
အချစ်က ခုထိတူတူပုန်းနေဆဲလား
ထွက်ခဲ့ ပါ
မင်း ငါ့ ရဲ့ အရှေ့ကို ထွက်ခဲ့ ပါ
မင်းနဲ့ ရင်ဆိုင်တွေ့ဖို့
ငါ အဆင်သင့်ဖြစ်နေပြီ ။ ။
.
.
ဟိန်းစံ ( ပဲခူး )
.
No comments:
Post a Comment