Tuesday, 9 August 2016

တောင်းပေးလိုက်တဲ့  ဆု




သာစေကွဲ့ မာစေ ။
ဆန္ဒတွေ အမှန်ဖြည့်လို့
ပြည့်မောက်ပါစေ ။
ပံ့ ထောက်ဖို့ မေတ္တာဝေ
ချမ်းမြေ့စေ စေတနာထား ။
ဘယာတွေ အကုန်ဝေးလို့
အေးမြစေသား ။ ။


လင်းစေကွဲ့ သစ်စေ ။
ရသစာ အမှန်ချစ်လို့
လင်းသစ်ပါစေ ။
နှင်းရစ်ဖို့ ဆုပန်ခြွေ
သုတတွေ ဆင့်ကာပွား ။
မွေးနေ့ရှင် အပျော်ကြူးလို့
မြူးရစေသား ။ ။
.
.
ဟိန်းစံ ( ပဲခူး )
.
.
ညီငယ်လင်းသစ်နေရဲ့ 28 နှစ်မြောက်မွေးနေ့အတွက် သည်ကဗျာကို
လက်ဆောင်အဖြစ် ရေးပေးပါတယ် ။ 10-08-2016 ရက်နေ့မှာ
ကျရောက်သော မွေးနေ့ကဲ့ သိုပင် ပျော်ရွှင်ဖွယ်မွေးနေ့များစွာကို
ဆက်လက်ဆင်နွှဲနိုင်ပါစေလို့ ဆန္ဒပြုရပါတယ် ။
ခင်မင်စွာဖြင့် ...
.
.
ဟိန်းစံ ( ပဲခူး )

No comments:

Post a Comment